Friday, August 24, 2012


ပရဟိတစိတ်အရင်းခံတဲ့ဗိုလ်ချုပ်အောင်ဆန်း
လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြော  တယ် ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ် ။
 Facebook    Lwin Thandar Soe's photo မှ ကူးယူဖေါ်ပြသည်။


ကိုယ်ကျိုးကိုမငဲ့တဲ့  ပရဟိတစိတ် အားကြီးမှု ပေါ်လွင်တဲ့  စကားရပ် ဖြစ်သောကြောင့်  အများ အကျိုးဆောင်ရွက်လို သည့် ပရဟိတ စိတ်အရင်းခံသည့် မဟာမေတ္တာ ပညာရေး ဖေါင်ဒေးရှင်း ၀ိုင်းတော်သားများအနေ ဖြင့်လည်း အတုယူဆောင်ရွက်နေသလို ဗိုလ်ချုပ် အောင်ဆန်းရဲ့  အတ္တ စိတ်နည်းပါးပုံကို အတုယူပြီး အသိညာဏ်ဖွံ့ ဖြိုးသည့် လူ့ ဘောင် ယဉ်ကျေးမှု ထွန်းကား လာစေ ရေးအတွက် ဆင်းရဲနွမ်းပါးလို့ စာမတတ်/ ပညာမတတ်သူ မရှိရလေအောင် ကျွန်တော်တို့  မဟာ မေတ္တာပညာရေးဖေါင်ဒေးရှင်း၏ ပညာရေး အထောက်အပံ့ပေးသည့်လုပ်ငန်းများတွင် ၀ိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ စေတနာရှင် ပြည်သူများကိုဖိတ်ခေါ်လိုက်သည် ။

No comments:

Post a Comment